Archive for septiembre 2015
ကောသလမင်းအိပ်မက် (၁၆)ချက် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်
ကောသလမင်းအိပ်မက် (၁၆)ချက် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်
(၁)
မေး-နွားနက်လေးခု ဝှေ့မှုဟန်ပြင်
မဝှေ့ကြပဲ ရှောင်လွဲသည်မြင်။
ဖြေ-အရှေ့အနောက် တောင်မြောက်မိုးဆင်
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂)
မေး-မြေကမကြွ ငယ်လှသစ်ပင်
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်။
ဖြေ-အရွယ်မမျှ လုံမပျိုခင်
သမီးသား လင်သားအိမ်ထောင်ဆင်။
(၃)
မေး-ယနေ့ဖွားစ နွားမနို့သား
မိခင်နွားကြီး စို့ပြီးနေတာ။
ဖြေ-သမီးနှင့်သား စီးပွားပိုင်ရာ
မိနှင့်ဖ ကျွေးမှစားရတာ။
(၄)
မေး-နွားကြီးမကြိုကိ ဝန်တိုက်နွားငယ်
မရုန်းနိုင်ဘဲ ဝပ်လဲနေတယ်။
ဖြေ-ကြီးသူဖယ်ရှား မြှောက်စားလူငယ်
တိုင်းပြည်ရေး ရှုတ်ထွေးပြေတော့တယ်။
(၅)
မေး-ခံတင်းမလှ မြင်းလှရာဇာ
ကျွေးလေသမျှ မဝနိုင်တာ။
ဖြေ-မူးမတ် မင်းစိုး လာဘ်ထိုးသူရှာ
နှစ်ဖက်စား တရားစီရင်မှာ။
(၆)
မေး-ခွေးအိုထံဆက် ရွှေခွက်သိန်းတန်
ကျင်ငယ်အမြဲ ခွက်ထဲစွန်းပြန်။
ဖြေ-အမျိုးမြတ်သမီး ပစ္စည်းမက်ဟန်
အမျိုးယုတ် လင်လုပ်ပေါင်းသင်းဆက်ဆံ။
(၇)
မေး-ရှေ့ကကျစ်ချ လွန်စကြိုးကို
ခွေးမခိုးစား ကိုက်ဝါးကာမျို။
ဖြေ-လင်ကြီးပစ္စည်း သိမ်းဆည်းမသို
လင်ငယ်အား မယားလောကွတ်ပို။
(၈)
မေး-အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ
အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်။
ဖြေ-ဆင်းရဲသူများ ဝတ်စားမကျန်
အခွန်အတွကိ နှိပ်စက်ငွေကောက်ခံ။
(၉)
မေး-ကြာမျိုးငါးဝ ပွင့်ကြရေကန်
ရေလယ်နောက်လျက် ကမ်းဘက်ကြည်ပြန်။
ဖြေ-မြို့တွင်းငွေရှုတ် ခွန်ထုပ်ကောက်ခံ
မြို့ပြင်ထွက်ပြည့်နှက်စီကားရန်။
(၁၀)
မေး-တအိုးတည်းချက် အကျတ်မညီ
ထမင်းမာဆပ် ပျော်နပ်သုံးလီ။
ဖြေ-မင်းနှင့်လူများ တရားမညီ
မိုးသုံးစား ကွက်ကြားရွာချမည်။
(၁၁)
မေး-မွေးထုံနံ့ကြား စန္နကူးသိန်းတန်
ပုည်းရည်နဲ့လဲ သုံးစွဲစားပြန်။
ဖြေ-အလဇ္ဇီများ တရားဖိုးတန်
ငွေနှင့်လဲ အမြဲဟောမည်မှန်။
(၁၂)
မေး-သံကြေးမပေါင်း ဗူးထောင်းဗူးအုံ
ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ။
ဖြေ-ပညာရှိများ စကားဥဿုံ
ပြောသမျှ လောကမသုံးကုန်။
(၁၃)
မေး-အိမ်လုံး တောင်လုံး ကျောက်တုံး ကျောက်ဖြာ
ရေမှာဘွားဘွား ထင်ရှားပေါ်လာ။
ဖြေ-ရဟန်းရှင်ဆိုး လူဆိုးများသာ
ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်လာ။
(၁၄)
မေး-အဆိပ်ပြင်းထောက် မြွေဟောက်ကြီးကို
ဖားမငယ်များ လိုက်ဝါးကာမျို။
ဖြေ-ကညာယူထား သက်ကြားဖိုးအို
မယားဆဲ အမြဲအော်ငေါက်ဆို။
(၁၅)
မေး-အဆင်းမည်းနက် ကျီးငှက်ထံမှာ
ရွှေဟင်္သာများ ခစားနေရှာ။
ဖြေ-ပညာသီလ ပြည့်ဝသူဟာ
သူယုတ်အား ဝတ်တွားနေရမှာ။
(၁၆)
မေး-ဆိပ်ကိုမြင်ငြား ကြောက်အားပြင်းထန်
ခြသေ့င်္ သစ်ကျား ခုန်လွားပြေးပြန်။
ဖြေ-သူယုတ်မာများ ထောင်လွားနိုင်ငံ
သူတော်ကောင်း ပုန်းအောင်းတောမြိုငါယံ။
ကောသလမင်းကြီးရဲ့ အိပ်မက်တဘောင်က
အခုခေတ်အနေအထားမှာ အများအပြား
မှန်ကန်နေတာကို တွေ့နေရတယ်။
အဓိပ္ပါယ်မသိသေးတဲ့ ခုခေတ်လူငယ်တွေ သူငယ်ချင်းတွေက
တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်ဗျာ။
အခြားသူများကိုလည်း ဗဟုသုတအနေနဲ့ လွတ်လပ်စွာ
ပြန်လယ်ကူဖော်ပြသူသန်ဇော်။ကရင်လေး
{ သစ္စာတရားဆိုသည်မှာ }ဖတ်ကြည့်ပါ။.သန်းဇော်။
ကြိုဆိုပါ၏စာဖတ်တဲ့သူများ
{ သစ္စာတရားဆိုသည်မှာ }ဖတ်ကြည့်ပါ။.သန်းဇော်။
_____________________
ညတစ်ညမှာ ယောက်ျားတစ်ယောက်
အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး
ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက
အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ်
သူ့မိန်းမက သူ့ကို ဆွဲထူပြီး
အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့
ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် …
နောက်တစ်နေ့မနက်
ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက
အဖြစ်ကိုစဉ်းစားပြီး သူ့မိန်းမ သူ့ကို
အရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ထင်နေတယ်
သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ့ လို့လည်း
ဆုတောင်းနေတာပေါ့ …
ဒါပေမယ့်
သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ
ဘေးကစားပွဲပေါ်မှာတင်ထားတဲ့
စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် …
“မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး
စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် …
ဝယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် …
ကိုအလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …
အရမ်းချစ်တယ် …”
စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့သြသွားပြီး
သူ့သားကိုမေးလိုက်တယ် ..
“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”
သားက ပြန်ဖြေလိုက်တယ် …
“မနေ့ညက အဖေအရမ်းမူးပြီး
လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို
အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ
အကျီင်္တွေ ချွတ်ပေးနေတုန်း အဖေက
မျက်စိတောင် မဖွင့်နိုင်ဘဲ ပြောလိုက်တယ်လေ …
ဟေ့ ကောင်မလေး!
ငါ့ကို မထိနဲ့ …
ငါ့တစ်ယောက်တည်း ထားခဲ့ …
ငါ့မှာ အိမ်ထောင်ရှိတယ်!! တဲ့ …”
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
ဘယ်လိုအခြေအနေမျိုးမှာမဆို
သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင်
သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို
ပြန်တန်ဖိုးထားပါလိမ့်မယ်
မူရင်းပိုင်ရှင်အား >> Credit << ပေးပါသည်။
Copy - ကူးယူဖော်ပြသူ / သန်းဇော်။ကရင်လေး ။(͡° ͜ʖ ͡°)(>‿◠)✌

















